Monday, April 14, 2014

ပန်းပင်​လယ်





ဖြူနီဝါပြာ​ရောင်​စုံ
အ​ရောင်​​နှောလို့
အ​ရောင်​စုံ​အောင်
စိုက်​ထားတယ်
ပန်း​ရောင်​စုံ​တွေ
အပြိုင်​ပွင့်​လို့
တင့်​လှ​သာ​မော
ရင်​သပ်​ဖွယ်
ရှုမငြီးတယ်
တစ်​ကယ်​လန်းလို့
မပြန်ချင်​တယ်
ပန်းပင်​လယ်​..........

သင်္ကြန်​တွင်းဝယ်
ဖြူနီ​ရောင်​​နှော
အပြာ​လေး​တွေ
ပါခဲ့တယ်
မောင်​မရှက်​​ပေါင်
ငေးကြည့်​ယင်းနဲ့
ရင်​ထဲမှာ​တော့
နာလှတယ်​.........

ရိုးရာကွဲ့လို့
ဆိုချင်​တာလား
ပြောပြန်​ယင်​လည်း
လွန်​လိမ့်​မယ်
ပေါင်​တိုစကပ်​​တွေပါမကလို့
ပန်​တီ​လေး​တွေ​တွေ့ခဲ့တယ်
ရိုးရာသင်္ကြန်​ပွဲရယ်
မဆိုထားနဲ့
အရှက်​ကြီးပဲ
ရှက်​ခဲ့တယ်
မမြင်​ချင်​အဆုံး​တွေ
လာဦးမှာမို့
ပျော်​​မောနွမ်းလျပန်းပင်​လယ်........

စိတ်​ဘဝင်​မှာ
အလိုမကျ
ပျော်​တဲ့စိတ်​​လေး
ပျောက်​ကွယ်​​ပြေး​ပေါ့
စိတ်​ပျက်​လက်​ပျက်
ပန်းပင်​လယ်
အနွမ်း​တွေရယ်
ဖွင့်​ဆိုထားလို့
မတင်​စားချင်​​တော့
ပန်းပင်​လယ်​..........