Friday, November 12, 2010

Nov-Dec အိပ်မက် ခဏမက်ခဲ့

နော့(ဗ)ရောက်ပြီ တဲ့လား
မသဲမကွဲအတွေးများထဲမှာ
ဆောင်းရဲ့ ဝေဒနာ
ရေးရေးထင်ကျန်
ဝို့ဝါးအရိပ်
တိတ်တဆိတ်လား
ထင်မြင်မှား.........

တွေဝေသွားခဲ့တဲ့
ဒီနေ့ရက်ဟာ
တစ်ခဏမက်ခဲ့ပြီး
ဘ၀အတွက်
ရှိသမျှအရာ
အားလုံးဆုံးရှုံးသွားစေတဲ့
နော့(ဗ)ဒက်ဇအိပ်မက်ရဲ့
အစပါလား........

အတွေးများစွာ
ရင်ကိုနာကျင်စေခဲ့
ယနေ့ထက်တိုင်အောင်ပဲ
မေ့မရခဲ့တဲ့
အမှတ်တရများစွာ
ရေးရေးမြင်
ထင်ထင်သိကာ
ကျေနပ်နေတော့မလား
မကျေနပ်ပဲမေ့ထားခဲ့ရမလား
အတွေးတွေမှားကာ
ေ၀၀ါးဝါးပါ..........

ထာဝရထားခဲ့ပြီပဲလေ
အဲလိုတွေးကာ
ဘာသာဟန်လုပ်
နှုတ်ဆိတ်နေယင်း
ကွေကွင်းရခြင်း
အကြောင်းရင်းတွေ
နှင်းတွေကြားထဲ
စောစောစီးစီး
ထပြီးထိုင်လို့
တွေဝေငေးမော
မတွေးတောချင်ပေမယ့်
တွေးတောဖြစ်နေသော
တချိန်တစ်ခါက
ပျောက်ဆုံးခဲ့ပြီးဖြစ်သော
အိပ်မက်၏ တစ္ဆေ
ခြောက်လှန့်နေခြင်း
ကြောင်းရင်းမှန်
ရှာလေ မတွေ့........

လွမ်းသည်ဆိုသည့်
ထိုထိုစကားကို
နှုတ်ထွက်မြွက်ဆိုခြင်းကိုလည်း
မစွမ်းသာခဲ့
နွမ်းလျလျနဲ့
တမ်းတခြင်းမျိုးလည်းမဟုတ်
ဘာပဲဖြစ်ဖြစ်
အမှတ်တရတစ်ခုအဖြစ်သာ
ရှိပါစေတော့ကွယ်
မောင့်ချစ် ငယ် ရေ.........။ ။

--
ချစ်သူမောင်

ကာရံမဲ့

မင်းအချစ်ကိုရဖို့အတွက်နဲ့
ပေါ့ပျက်ပျက်စကားလုံးတွေ
သုံးပြီးရေးထားတဲ့ကဗျာတစ်ပုဒ်
မလိုအပ်ပါဘူးကွယ်............

မင်းအချစ်ခံရဖို့အတွက်လည်း
(ပေါလိုက်တာလို့)မင်းသတ်မှတ်ထားတဲ့
လက်ရေးမူနဲ့ရေးပြီး
နှလုံးသွေးနဲ့ဖွဲ့နွဲ့သီချုပ်အပ်တဲ့
ကိုယ့်ရင်ထဲက ကဗျာစာအုပ်တစ်အုပ်
တစ်ကယ်တော့မင်းအတွက်
မလိုအပ်ပါဘူးကွယ်...........

ဘယ်လိုပဲဖြစ်ဖြစ် အချစ်ရေ
မင်းကိုယ်တိုင်က ကိုယ့်အတွက်ကဗျာ
မင်းမျက်ဝန်းက ကိုယ့်အတွက်
ထာဝရညီနေမယ့်ကာရံ
မင်းယိမ်းနွဲ့သွားပုံလေးက
ကိုယ့်အတွက် အမြဲ နရီ
မင်း ရယ်ဟန် ကကိုယ့်အတွက်နိမိတ်ပုံ
လေးသုံးနှစ် လေးသုံးတစ်
လေးလုံးစပ်မဟုတ်လည်းလှပါတယ်
ဒွေးချိုးမဟုတ်လည်းချော
မဖွဲ့ဆိုလည်းကဗျာဖြစ်ခဲ့...........

ဒါနဲ့တောင်
ငါ့ရဲ့မိုက်မဲမှု ငါမမြင်ခဲ့သေးဘူး
မင်းအတွက်ကဗျာဖွဲ့ယင်တောင်
ငါကိုယ်တိုင်ကဗျာဖြစ်သွားခဲ့တာ
အကြိမ်ရေမနည်းပါဘူး
ဒါပေမယ့်
မင်းငါ့ရဲ့မိုက်မဲမှုနဲ့ မထိုက်တန်ခဲ့ပါဘူး
ငါဟာကဗျာကိုရူးသွပ်ခဲ့သလောက်
မင်းကျတော့ဘာကိုမှမသိတာ
ငါခံပြင်းလွန်းလို့ပါ
ဒါတောင် ခုချိန်ထိ ငါဆက်ပြီး
မိုက်မဲမိနေတုန်း............။ ။

--
ချစ်သူမောင်