Friday, February 26, 2010

လွန်မြောက်သွားစေသော....အတွေး၏ပုံရိပ်

ဘာပဲဖြစ်ဖြစ်လေ
အမှတ်တရပါလို့ပြောချင်ပြော
အလွမ်းဓါတ်ခံရှိလို့ဆိုချင်ဆို
ဒီနေ့မနက်က ညီမလေးဆီ
ကိုယ်ရောက်ဖြစ်တယ်..........

တစ်ကယ်တော့.....
သူဆုံးခဲ့တာလို့ပြောမလား
ကိုယ့်ကိုထာဝရခွဲသွားတာလို့ဆိုမလား
ဒီနေ့မနက်ပိုင်းဆိုယင်
ခြောက်နှစ်တင်းတင်းပြည့်ပေါ့............

ညီမလေးရေ
ကိုကို ကတော့ မိသားစုနဲ့
ပြည့်စုံနေချိန်မှာ
ညီမ တစ်ယောက်တည်း
အထီးကျန်နေမလား
ကိုကိုထင်တယ် ဒီနေ့မနက်မှာ
 ညီမလေးကို
ချစ်ပါတယ်ဆိုတဲ့
ညီမရဲ့
အစ်ကိုတွေလည်း....မလာတော့
ခါတိုင်းဆို ကိုကို တွေ့တွေ့နေတယ်
သူတို့က ကိုကို့ကိုမတွေ့ချင်ပါဘူးလို့ ပြောထားလို့
ကိုကို ရှောင်ခဲ့ရတယ်
အဲ.... ဒီနှစ် သူတို့လဲမလာ
ကိုကို သာညီမ နားရှိခဲ့
အလွမ်းတွေ တင်းကြမ်း ပြည့်လို့
ငိုင်တွေစွာနဲ့ ကိုကိုရောက်ခဲ့
ညီမလေး ရဲ့ ဓါတ်ပုံတောင်
နေစားလွန်းလို့
ညှိုး မှိန်နေ ပြီ
ကဲပါ... ကိုကို
အသစ် ပြန်ပြီး အစားထိုးပေးပါ့မယ်...........

ညီမ ကြိုက်တဲ့ နှင်းဆီ အ၀ါ
ဒီနေ့ ကိုကို ၀ယ်မရခဲ့
သောကတွေနဲ့ဝေဒနာလမ်းမှာ
 မောလျစွာနေယင်း
တမ်းတတာမဟုတ်ပေမယ့်
နွမ်းလျစွာအိမ်ပြန်ခဲ့တဲ့ရုပ်
ကိုယ့်ကိုယ်မသိခဲ့
တွေဝေဆဲ ပါကွယ်................

တစ်ကယ်တော့ ......
မတမ်းတချင်တာမဟုတ်
ကိုကို့ ရဲ့ သံယောဇဉ် ဆိုတဲ့
နှောင်ကြိုးတမျှင် ကြောင့်
ညီမသွားလမ်း မဖြောင့်တန်းဘူးလို့ထင်ခဲ့
ခွဲခဲ့ ရသည် နှစ်လရှည်ကြာ
လူသေသော်ငြား
အချစ်တွေမသေခဲ့
အပြစ်ဖွဲ့ခဲ့သူတွေတောင်မှ
ကိုယ်တို့အကြောင်း
မေ့ကုန်ကြပြီပဲ
ကဲညီမရယ်.....
တမလွန်ဘုံမှာ
ပျော်ရွှင်စွာမှေးစက်
နေရက်ခဲ့တော့...
တစ်ခုတော့တောင်းဆိုပါရစေလေ
ညီမရေ.....
တစ်ကယ်လို့သာ
လူဝင်စားဖြစ်ခွင့်ရှိခဲ့ယင်
ကိုကို့ မိသားစုဝင်ဖြစ်ဖြစ်
လာဖြစ်လှည့်ပါကွာလို့
တမ်းတဖြစ်နေပေမယ့်
နွမ်းညစ်စွာနေရစ်မပျော်ဖြစ်ခဲ့......

နောက်ဘ၀တစ်ခုသာ
ညီမလေးရခဲ့မယ်ဆိုယင်လေ
သံသရာရေမြေဆုံးစေ တော့
ဆုံဖြစ်အောင်ဆုံကြဖို့
ကိုကိုလေ...အမြဲကမ်းလင့်
ကြိုနေချင် .......
ကိုကို့မနော အစဉ်ရယ်က
တီးတိုးပြောကာတောင်းဆုချွေ.........။ ။

Monday, February 22, 2010

HAPPY BIRTHDAY ပါပါးချစ်တဲ့သမီးလေးချိုသဒ္ဒါဇော်

HAPPY BIRTHDAY !!!
ပါပါးချစ်တဲ့သမီးလေးချိုသဒ္ဒါဇော်
မနက်ဖန်မနက်  ၇း၂၀ မှာကျရောက်မဲ့ သမီးရဲ့
တစ်နှစ်ပြည့် မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာ သမီးချစ်တဲ့  ပါပါး မာမားတို့ နှင့်အတူ လိုတရပြီး
ပြီးပြည့်စုံတဲ့ ဘ၀တစ်ခုပိုင်ဆိုင်နိုင်ပါစေ...............

Photobucket

Thursday, February 18, 2010

ညနေခင်းအလွဲများ

ခွန်းဆင့်သံချို
ပိုကာနှောလို့
မှား၍ခေါ်သော
ထိုထိုဖုန်း
အလို....
ဟဲလို...ကိုကိုတဲ့ ဆိုပါလား......

မူနွဲ့သံပို
ဆိုလှာနှုတ်ခွန်း
နွဲ့နွဲ့ခရာ
သံချိုလေးနှင့်
ပြောကာဆိုကာ
မှားလာသော
ထိုထိုဖုန်း.....

ဟဲလို....ကိုကြီး
ဒီနေ့ ဘာကောင်းလဲလို့
ညနေပိုင်းမှာ
ချိုသံသာနှင့်
ဆိုလာသောဖုန်း

ထိုထိုဖုန်းများ
ခဏခဏမှား၍လာသည်
ကွန်ရက်တွေများ
ပျက်ပြီလားလို့
အတွေးမှာထင်မြင်........

တစ်ကယ့်တစ်ကယ်
အလုပ်အတွက်
ဆားဗစ်နဲ့ဝယ်သူတွေ
ခါခါဆက်ပေမယ့်
မရနိုင်တဲ့ဒီဖုန်း
ဆက်သွယ်မှုဧရိယာပြင်ပလို့
ပြောလိုပြော
စက်ပိတ်ထားတယ်လို့ဆိုလိုဆို
မအားသေးပါပြောလိုပြော
လူချင်းတွေ့မှသိရတယ်
ခက်ပြီနော်သည်မောင်မှာ
အလုပ်များတဲ့ကြားက
တစ်ကယ်ရူးလိမ့်မယ်ပ
ဖုန်းဆက်ချင်ယင်
နံပါတ်တစ်ကယ်သေချာမှ
ဆက်ကြပါဗျို့................။



 :o နေ့တနေ့၏ညနေခင်းအလွဲများကိုရည်ညွှန်းပါသည် :o

Sunday, February 14, 2010

မိမိအတ္တတစ်ခုတည်းကိုသာကြည့်၍ မည်သည်ကိုမှနားလည်မပေးနိုင်ကြသူများ

ကျွန်တော်ရေးပါမည်စိတ်တွင်းမှ stress အလွန်များနေသည့်အတွက် မရေးဖြစ်သောအကြောင်အရာများစွာရှိသည့်အလျောက်ရေးဖြစ်လျှင်လည်း
စော်ကားသည်ဟုထင်မှတ်မှားမည်ကိုလည်းစိုးရိမ်မိပါသည်။အမှန်တော့ကျွန်တော်၏ စီးပွာရေး လုပ်ငန်းနှင့်လည်း ပါတ်သက်နေသည့်အလျောက်
ပထမဦးစွာပန်ကြားလို သည်က ကျွန်တော်သည် မိမိရောင်းကုန်ပစ္စည်းအပေါ်လုံးလုံးလျားလျားတာဝန်ယူထားသူလည်းဖြစ်ပါသည် ။ထိုအတွက်ပို၍
တာဝန်ပိုကြီးပါသည် ။ သို့သော်ကျွန်တော့်ထံတွင်လူမှုရေးကိစ္စများမရှိရတော့ဘူးလား ဟု ကျွန်တော့၏ customer များကိုလည်းမေးကြည့်ချင်ပါ
သည် ။ ယ္ခု အချိန်တွင် ကျွန်တော်၏ရောင်းကုန်ပစ္စည်းကိုအချိန်ရှည် သုံးကြသူများပါသည် မသုံး ၍ မရတော့သောအခြေနေလည်းဖြစ်ပါသည် ထို
သည်ကိုကျွန်တော်နားလည်ပါသည် သို့သော် ကျွန်တော်၏ရောင်းကုန်ပစ္စည်းတစ်ခုခုဖြစ်သည်နှင့် တာဝန်အရှိဆုံးကျွန်တော့ ထံဖုံးဆက်သည် ထို
သည် လည်းမှန်ပါသည် ။ သို့သော် ချက်ချင်းလက်ငင်း လာရောက်ပြင်ဆင်ပေးရန်ကိစ္စ ထိုကိစ္စကိုလည်းကျွန်တော်ငြင်းဆိုလိမ့်မည်မဟုတ်ပါ
သို့သော် ကျွန်တော်သည်လည်း လူသားထဲမှလူသား ပုထုဇဉ် တစ်ဦးဖြစ်သည့် အားလျော်စွာ တခါတရံ စိတ်တိုစရာအကြောင်းများလည်းရှိပါသည်
ဥပမာပြရလျှင် စက်ပျက်ပြီဆို ချက်ချင်းလာစေချင်ကြ သည် သို့သော် ကျွန်တော်သည် ဂျစ်ကားတစ်စီးသာပိုင်ဆိုင်သူဖြစ်ပါသည် ရန်ကုန်မြို့တွင်း
သွားလာရာတွင်လည်းကျွန်တော်သည် အလျှင် အမြန်ရောက်ရှိရန် ထိုဂျစ်ကားကိုအားကိုးနေရသူဖြစ်သည် ဟယ်လီကော်ပတာလည်းမပိုင်နိုင်သေး
ချက်ချင်းဆိုသည့်ကိစ္စ ကား ရန်ကုန်မြို့တွင်းယာဉ်ကြောပိတ်ဆို့ခြင်း ခရီးလမ်းကွာဝေးခြင်း ထို့ပြင်လုပ်လက်စအလုပ်တစ်ချို့ မပြီးစီးသေးခြင်း
အပြင် စီနီယာအလိုက် လိုက်လံပြုင်ခြင်း ဖြစ်ရကား at once ဟူသော customer တို့အလိုကျဖြစ်ရန် ကျွန်တော်မည်သို့ကြိုးစား စေကာမူ
ရောက်နိုင်ရန်မစွမ်းသာပါ ။ ထို့အတွက် အပြစ်မြင်လိုကလည်း ကျွန်တော်မတတ်နိုင်ပါ ။ ထို့ ပြင် ခေါ်တုန်းကခေါ်ကာပြင်ဆင်ပြီးမှ ဘယ်လောက်
ကျလဲဟုမေးဖေါ်မရသော သူများအတွက် နောက်တစ်ခါစာရင်းတွင်နောက်ဆုံးဖြစ်ပေလိမ့်မည် ။ ထို့အတွက် ကျွန်တော့အားစိတ်မဆိုးကြပါနှင့်
ကျွန်တော် customer များထံလာရန် ဒီဇယ်ဆီကိုအရင်းပြုကာ ကျွန်တော်၏ စီးတော်ယာဉ်ဖြစ်သောဂျစ်ကားကို အသုံးပြုရသေး၏ ကျေးဇူးများပေး
ယုံဖြင့် ကားထဲထည့်မောင်း၍ မရပါ ။ထို့အပြင် ယ္ခုသုံးနှစ်တာကာလအတွင်း ကျွန်တော့် ကားလှိုင်သာယာ တံတားဖြတ်ခွင့်မရအောင် ကျေးဇူး
များဖြင့်လေးလံကာ သုံးတန်ကျော်နေပြီဖြစ်သည်။ ထိုသည်ကား ပထမအချက် ဒုတိယအချက်ကားကျွန်တော်သည် ယ္ခုလိုရာသီမျိုးတွင် လူရော
စိတ်ပါ လုပ်ငန်းတွင်းနှစ်လျှက် လုပ်ကိုင်နေသူဖြစ်ပါသည် ထိုအတွက် ကျွန်တော့၏လူမှုရေးကိစ္စများလုပ်နိုင်ရန် အချိန်မရနိုင်ခဲ့ပေ တခါတရံမဟုတ်
အမြဲတမ်းလိုလိုလူမှုရေး ကိစ္စ များတွင်ပျက်ကွက်ခဲ့ သည်ကအကြိမ်ကြိမ် မိမိကတော့မိမိ ၏ customer များ၏အလိုလိုက် အကြိုက်ဆောင်သော်ငြား
ကျွန်တော့ပါတ်ဝန်းကျင်တွင်တော့ ကျွန်တော်သည်လူမှုရေးခေါင်းပါးသူဖြစ်မှန်မသိဖြစ်လာရပြန်သည် ။ ဒီနေ့ကဲ့သို့ကျွန်တော်တို့ အထွဋ်အမြတ်
ထားရာနှစ်ကူး(နှစ်ဆန်းတစ်ရက်နေ့)
နေ့တွင်ပင် အလွတ်မပေး နားလည်မပေးနိုင်သူများ လည်းရှိနေပေသေးသည် မိမိ တို့အကျိုးစီးပွားကိုသာ ကြည့်လျှက် တပါးသူအားနား
လည်မပေးတတ်သောကျွန်တော်၏ cstomer များတဖြစ်လည်း စက်တစ်လုံးဝယ်ပြီး တစ်သက်တာဆားဗစ်လိုချင်သော ကျွန်တော်၏ကျေးဇူး ရှင်များ
အားဤ ဆောင်းပါဖြင့် တရုတ် နှစ်သစ်ကူးကာလ မင်္ဂလာရှိချိန်တွင် ဂုဏ်ပြုလိုက်ရကြောင်း.......... ထို့ပြင် ကျွန်တော်၏ကားမှန်တွင်လည်း
၁။ ဘာမှအလကားမရပါ

၂။လူမှုရေးသိတတ်ပါ

၃။လမ်းကြုံ မလာတတ်ပါ

၎။စက်ပြင်ပြီးလျှင် လက်ခမစပါ
အစရှိသဖြင့် ... စာကြောင်းလေးများရေး၍ ကပ်ထားမည်ဖြစ်ပါသည် ထို့အတွက် ကျွန်တော့အားရိုင်းသည်ဟုမထင်ကြပါရန်နှင့် နယူတန်၏
တတိယနိယာမဖြစ်သော သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှု ရှိသည်ဟူ၍ သာ.............မှတ်ယူစေလိုပါသည်။
ထို့ပြင် သင်္ကြန်ကာလတွင်း တွင်လည်း ကျွန်ုပ် အားဤ ကဲ့ သို့ဆောင်းပါး မျိုးနောက်တစ်ပုဒ်ရေးဖြစ်ရန် တိုက်တွန်းစေ့ဆော်မှု မပြုကြရန်တောင်းပန်အပ်ပါသည်။

ခင်မင်လေးစားလျှက်

ချစ်သူမောင်

Friday, February 12, 2010

HAPPY LUNAR NEW YEAR !

HAPPY LUNAR NEW YEAR !



နှစ်သစ်မှာနိုင်ငံတကာနှင့် ပြည်တွင်းမှ ဘလော့ဂါ


မောင်နှမအပေါင်းနှင့်အွန်လိုင်းမှသူငယ်ချင်းအပေါင်း


ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ






ချစ်သူမောင်

Wednesday, February 10, 2010

ညီမလေးရေ................

nnt4
စာ မရေးဖြစ်သည်မှာကြာခဲ့ပြီ ဖြစ်သဖြင့် ရေးရန်အတွက်လက်တွန့်နေမိ၏ ။ တောင်စဉ်းစား မြောက်စဉ်းစားနှင့် အတွေးရေလျဉ်မှာမျောပါမိ
သည့်နောက် အတွေးစတချို့ကိုဆွဲထုတ်ဖြစ်လေသည်။ ခက်သည်က သည်အချိန်သည်ကာလ ကျွန်တော့အတွက် ပူဆွေးစရာအချိန်ပေမို့
အလွမ်းစာများမရေးချင်သော်လည်း ပေါ်လာသည့် အကြောင်းအရာများ က ညီမလေး အကြောင်းများသာ အဆွေးဟုမဆိုသာ သောအလွမ်း
များ သို့တည်းမဟုတ် တမ်းတမိတဲ့ ညီမလေးအကြောင်း သိုတည်းမဟုတ် မေ့မရသော သေသောသူ ဆိုလျှင် ဘ၀အတွက်ခါးသီးသည့်အမှတ်
တရ များ ရင်ကိုနင့်စေသောအခြင်းအရာများ ထိုအရာအားလုံးက ဘ၀အတွက် မှတ်တမ်းပင်ဖြစ် လေမည်လား ။ ထိုအခြင်းရာကိုကေလေး
သိခဲ့လျှင် ၀ဋ်လည်တာလို့ ဆိုပြီး လှောင်ရယ်နေမည်လား တစ်ကယ်တော့ ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်း အထိ ကေလေး ပါ ၀င်ပါတ်သက်ခဲ့၏ ။
ကျွန်တော်ကစိမ်းကားသူကြီးအဖြစ်နှင့် ရပ်တည်ခဲ့မိ၏ ။ဘ၀၏အမှား သို့မဟုတ်မဆုံခဲ့သောရေစက် သို့မဟုတ် ကုန်ခဲ့ သောရေစက် ထို့ထက်
ပို ၍ လည်းကျွန်တော်မပြော တတ်တော့ပါ ။ တစ်ချိန်က မောင့်ရဲ့ရှုမငြီးတဲ့ချစ်ဇနီးလေး သမီး (ကေလေး) ဘ၀တစ်ခုထူထောင်ရန် အကြောင်း
ပြည့်စုံပါလျက် ကျွန်တော်က လက်တွဲဖြုတ်ခဲ့ သည် ထိုဝဋ်ကလည်ခဲ့သည်လား ကျွန်တော်မတွေးတတ်ခဲ့ ။ခက်သည်က သံယောဇဉ်တစ်ခုတည်း
ကေလေးအပေါ် ထားခဲ့မိသည်ထင်သည် အချစ်မပါ ဟုလည်းထင်ခဲ့သည် ကျွန်တော်မှားခဲ့ပါသည် ထာဝရမီးဟုခေါ်သူက ကျွန်တော့ အပေါ်
ဖောက်လွှဲဖေါက်ပြန်ပြု မူလာပြန်သောအခါ ကျွန်တော်ရင်နာယုံမှတပါး အမုန်းနှင့်လမ်းခွဲခြင်းအဖြစ်ရောက်ရှိခဲ့ လေသည်။ဘ၀၏အချိုး အဆစ်များ
ကွေ့ ၍ ဖြတ်သန်း လာခဲ့ပြန်သော် သမီး နှင့်ဆုံရ ပြန်လေသည် ။သမီးသည်လည်း ကိုကို ဟုနှုတ်ဖျားမှမချတမ်းချစ်ခဲ့ ၏သို့သော် ကျွန်တော်နှင့်
ဆုံရန် အကြောင်းဖန်မပါခဲ့ချေ ......မည်သို့ဖြစ်ပါစေ ကျွန်တော်သည်လူကြမ်း မဟုတ် သို့သော် ကံကြမ္မာကကြမ်း၏ ။ထို့နောက် ညီမလေးနှင့်
ဖူးစာဖက်ပေါင်း ပေါင်းပေးခဲ့ ၏ အချိန်သည်ကား မကြာလိုက်ပါ တစ်ကယ်တွက်စစ်တော့ တစ်နှစ်နှင့် လေးရက်တိတိမှာ ညီမလေး ခွဲသွား၏
အပြီးတိုင်ပါ ။ ဘယ်သူမြင်မိ သိရှိလေမလဲ တစ်ကယ်တော့ညီမလေး ဆိုတာ ဟိုးလွန်ခဲ့ သော ဆယ်စုနှစ်တစ်ခုအကျော်တည်း (ခုတွက်ယင်
နှစ်ပေါင်း နှစ်ဆယ်နီးပါး) လောက်တည်းကကျွမ်းဝင် ခင်မင်ခဲ့သူပေမို့ ။ကျွန်တော့အပေါ်မီး သစ္စာဖျက်၍ လက်တွဲဖြုတ်ခဲ့စဉ် လူတောထဲ
မတိုးချင်လောက်အောင် စိတ်ပျက်နေချိန်များတွင် သူငယ်ချင်းတစ်ယောက် (သူနှင့်ကျွန်တော် ကနာမည်ချင်းတူတူ) မင်္ဂလာဆောင် (အမှန်တော့
အဒီတုန်းက ကျွန်တော်လူတောထဲမသွားချင် သူမို့ အဲဒီမင်္ဂလာဆောင် ကိုမသွားချင် သို့သော် အလွန်ချစ်ရသောသူငယ်ချင်း အပြင် သူနှင့်ကျွန်
တော်က နိုင်ငံပြင်ပမှာအလုပ်သွားလုပ်စဉ်ကလည်း အကူညီအပြန်လှန်ပေးကာ နားလည်မှု တစ်ယောက်နှင့် တစ်ယောက် အပြည့်ဝရှိသူ သူ
အိမ်ထောင်ကျပြီးနောက်တော့မသိ) ထို့အတွက်ကျွန်တော်သွားဖြစ်၏ ။ညီမလေးနှင့်အဆက်သွယ်ပြတ်နေသည်မှာ နှစ်ပေါင်းအတန်ကြာ မှ
ပြန်တွေ့ သည့် အတွက်ဝမ်းသာအားရ ညီမလေးငယ်စဉ်ကလို ပင် ဆံပင်များကိုဖွကာ နှုတ်ဆက်မိသည်
ပွင့်လင်းစွာညီမလေး၏တုန့်ပြန်သံ
ကိုကြားမှ သတိလက်လွတ်ဖြစ်သွားသောကိုယ့်ကိုပြန်ထိန်းသိမ်း မိချေတော့သည် ။"ကိုကိုနော် လူတွေကြားမှာညီမလေး မလှအောင်မလုပ်နဲ့"
အဲဒီစကားလေးကအစအမှတ်ရနေယင် ကျွန်တော်လွန်မလား ။အဲဒီနောက်တော့ ညီမလေး၏အိမ်သို့ မရောက်ဖြစ်ရာမှ ခြေဦးပြန်လှည့်ဖြစ်
ခဲ့သည် ။မှတ်မှတ်ရရ ညီမလေး၏ မွေးနေ့တစ်ခုတွင် အချိန်နှင့်ဒီရေသည် လူကိုမစောင့် ယောက်ျားယူတော့လို့ ပေါ်ပေါ်ထင်ထင် သတိပေး
စာရေးပြီး မွေးနေ့လက်ဆောင်ပေးခဲ့ ဖူးသည်ကိုအမှတ်တရ ။ ထိုစဉ်က ညီမလေးပြန်ပြောသော စကားတစ်ခွန်းအမှတ်တရဖြစ်နေပြန်သည်
ညီမလေးမှာလက်တစ်ဖက်မသန်တဲ့ အစ်ကိုတစ်ယောက် နဲ့ ခြေထောက်တစ်ဖက်မသန်တဲ့ အစ်ကိုတစ်ယောက် ရှိနေတာပဲ အိမ်ထောင်ပြုဖို့
မလိုပါဘူး အဲဒီအစ်ကိုတွေနဲ့ အမြဲနေမှာလို့ ပြောခဲ့သည်။တစ်ကယ်တော့ ညီမလေးမှာ တစ်ကယ်လက်မသန်သော အစ်ကိုရင်း တစ်ယောက်
ရှိခဲ့ သည် ခြေထောက်တစ်ဖက်မသန်တဲ့ အစ်ကိုဆိုသည်ကကျွန်တော်ပင် ထိုစဉ်က ဆိုင်ကယ်အက်ဆီးဒင့်ဖြစ်ကာ သွားလေရာ တုတ်ကောက်ပါ
ခဲ့ သည် ။ကျွန်တော်က တစ်ကယ်နေနိုင်လို့လားဟု ရယ်ကာမောကာမေးဖြစ်တော့ အစ်ကိုတွေကဒီတိုင်းပဲဆိုယင် ညီမလေးလဲမပြောင်းလဲ
ဘူးလို့ဖြေခဲ့ဖူးတာကိုပြန်သတိရနေပြန်၏။လူချင်းဝေးနေလည်း အကြောင်းကိစ္စ တခုခုရှိလျှင်ဖုံးဆက်တိုင်ပင်ဖြစ်ကြသည်။ ဘိုဘိုဟန်၏သီချင်း
ကဲ့သို့ လာစမ်းပါဦး ဟိုနားလိုက်ပို့ လို့ ပူဆာတာညီမလေးပင် အမှန်တော့ ကျွန်တော်တစ်ယောက်တည်း အမှောင်ချောင် မှာနေသည်ကို
မမြင်လို၍ ဖြစ်ကြောင်းနောက်ပိုင်းမှ ကျွန်တော်သဘောပေါက်လာခဲ့၏ ။ဘာသင်တန်းရှိလို့ လိုက်ပို့ပေးဦးကိုကို ဆိုတာမျိုး ဘယ်သင်တန်းလိုက်
အပ်ပေးပါဦး ကိုကိုရေလို့ ချွဲနွဲ့ ပြောတတ် သောညီမလေး၏အသံ ကြားယောင်နေဆဲ ကျွန်တော်၏စိတ် တွင်လည်းထင်ဟပ်ဆဲ တစ်နေ့
လက်တွဲကြရမည် ပြီးလျှင် အပြီးတိုင် သေခွဲခွဲရမည်ကိုထိုစဉ်ကမသိခဲ့ရိုးအမှန်ပင်ဖြစ်ချေ၏။

Tuesday, February 2, 2010

မင်္ဂလာဆောင်ခြင်း

 choco


မင်္ဂလာဆောင်ခြင်းတည်းဟူသော အကျိုးအကြောင်းတို့သည်မှာ မိသားစုတစ်ခုနှင့်တစ်ခုပေါင်းစည်းခြင်း ပုံစံမတူသောအရာနှစ်ခု
ပေါင်းစပ်ခြင်းအလျဉ်းဖြစ်ပေမည် သို့သော် ကျောက်ပြင်နှင့်သနပ်ခါးကဲ့သို့ ကိစ္စများ အတွက်မည် သူတာဝန်ယူမည်နည်း ။
ပရုပ်လုံးကဲ့သောလျော့ပါးခြင်းမျိုးကြုံတွေ့လာလျှင် ဘ၀ဆိုသောစကားကိုသတိရမည်။ လောကဓံ ရှစ်ပါးတည်းသာရှိသောကြောင့်
သာ ကိုးပါးဆယ်ပါးလောက်ရှိကာတစ်ခုနှစ်ခုပိုလာခဲ့လျှင် မည်သို့ဖြစ်မည်မသိ။ပေါ့(ပ)သီချင်းတပုဒ် သို့မဟုတ် ယ္ခုခေတ်စားနေ
သော ဟစ်ဟော့သီချင်းတပုဒ် သို့မဟုတ်ဖတ်ပြီးဘာမှနားလည်မှာမဟုတ်တဲ့ ဒေါင်လိုက်ဖြန့်ပြထားတဲ့မော်ဒန်ကဗျာတပုဒ်
တခါတလေ စကားပြေနဲ့မကွဲလွဲတဲ့ကဗျာရှည်များ ။သိက္ခာ သစ္စာတရား ဘယ်ခါမှရှာတွေ့နိုင်တော့မှာမဟုတ်တဲ့ ကျောက်ခေတ်
ဘာသာစကား၏ရုပ်ကြွင်း ထိုအရာများတွဲစပ်ကြည့်မည်ဆိုပါလျှင်။
စလေဦးပုည၏တေးထပ်များ လှိုင်ထိပ်ခေါင်တင်ဘောလယ် ၏ ကျောက်ဖြစ်ရုပ်ကြွင်း စာဆိုလျှင် မည်သည့်web page သို့မဟုတ်
မည်သည့်စာအုပ်ကိုမျှလိုလိုလားလားမဖတ်ချင်သူများ web page ဆိုလျှင်ဓါတ်ပုံပါမှစိတ်ဝင်စားသူများထိုသူ များလည်းရှိမည်အမှန်
အွန်လိုင်းကိုချတ်တင်နှင့် Q ခြင်းမှတပါးမသုံစွဲချင်သူများ ထိုသူများလည်းမဆန်းပါ ။ ချစ်ခြင်းနှလုံးသား၏ ကျောက်ဖြစ်ရုပ်ကြွင်းကို
ရှာဖွေတွေ့ရှိသူမှာ မိုက်ကယ်အိုဝင်ဟူအမှတ်မှားသူများ ။ ချဲလ်ဆီးမှချဲလ်ဆီး မန်ယူမှမန်ယူဖြစ်နေသူများအတွက် လီဗာပူးမှလီဗာပူး
ဖြစ်နေသူများ ကပြောစရာမရှိ သို့သော် ပြိုင်ပွဲဟုသဘောမထားတတ်သူများအတွက် မောင်းအောင်ခြင်းကသာ အဆင်ပြေ၏။
အဆိုးနှင့်အကောင်း အကျိုးနှင့်အကြောင်း ဆင်ခြင်ပါကလည်း ဘာမဟုတ်သောကိစ္စအတွက်အချင်းများမည်သာ ။ ဘာမှမပြော
တော့လည်း ဘာမှမဟုတ်ပါ အမှတ်တမဲ့ကျော်ဖြတ်သွားရမည့်အရာတစ်ခုက ထင်ရှားပေါ်လွင်လာသောအခါသစ္စာဆိုသည် မှာ
ပျောက်ကွယ် သွားတော့မည်လား အပြောလွယ် သလောက်အလုပ်ခက်သောကိစ္စသာ ။မည်သို့ပင် ဆိုစေကာမူ ဟုဆိုလိုက်သည်နှင့်
ဘာပဲဖြစ်ဖြစ် အချည်းနှီး ဖြစ်ပေတော့မည်။
လွယ်ကူခြင်းခက်ခဲခြင်းတို့သည် မည်ကာမတ္တ ပညတ်သာဖြစ်ပေမည် ။
ထို့အတူယ္ခု စာပိုဒ်အားနားလည်ပေးကြပါကုန် ပုထုဇနောဥမ္မတကောဟုဆိုကြသည်မို့

အိပ်မက်မှာတင်ထားတဲ့ပို့စ်လေးကိုပြန်တင်လိုက်ပါတယ်