Wednesday, January 21, 2009

အကောင်းဆုံးမြန်မာဘလော့ဂ် အကယ်ဒမီဆု(၂ဝဝ၈)


အကောင်းဆုံးမြန်မာဘလော့ဂ် အကယ်ဒမီဆု(၂ဝဝ၈)ခုနှစ်တွင် ဆုရရှိသူများမှာအောက်ပါအတိုင်းဖြစ်ပါသည်။

အကောင်းဆုံးဆုရရှိသူများ-
(က) ဘာသာရေး ဘလော့ဂ်ဆု (Best Religious Blog ) - မြတ်ဗုဒ္ဓအဆုံးအမများ ဘလော့ဂ်
(ခ) ပညာရေး ဘလော့ဂ်ဆု (Best Education Blog ) - မသက်ဇင် ဘလော့ဂ်
(ဂ) နည်းပညာ ဘလော့ဂ်ဆု (Best Blog About Blogging ) - ညီလင်းဆက် ဘလော့ဂ်
(ဃ) နိုင်ငံရေး ဘလော့ဂ်ဆု (Best Political Blog ) - နစ်နေမန်း ဘလော့ဂ်
(င) သတင်း ဘလော့ဂ်ဆု (Best News Blog ) - ခေတ်ပြိုင်ဂျာနယ် ဘလော့ဂ်
(စ) ပရဟိတ ဘလော့ဂ်ဆု (Best Charity Blog ) - ပိုကောင်းမယ့် မနက်ဖြန် ဘလော့ဂ်
(ဆ) မြန်မာစာပေ ဘလော့ဂ်ဆု (Best Myanmar Literature Blog ) - ဖွဲ့တည်ရာ မဂ္ဂဇင်း
(ဇ) ရသစာပေ ဘလော့ဂ်ဆု (Best Literauture Blog ) - မင်းဒင် ဘလော့ဂ်
(ဈ) ကဗျာ ဘလော့ဂ်ဆု (Best Poem Blog ) - ကောင်းကင်ကို ဘလော့ဂ်
(ည) အစုအဖွဲ့ ဘလော့ဂ်ဆု (Best Association Blog ) - ကိုမိုးသီး ဘလော့ဂ်
(ဋ) အထွေထွေ ဘလော့ဂ်ဆု (Best General Blog ) - နိုင်းနိုင်းစနေ ဘလော့ဂ်

ဆုရရှိသူများနှင့်ထပ်တူထပ်မျှဝမ်းသာပီတိဖြစ်မိပါကြောင်း.....

chitthumaung
နိုင်းနိုင်းစနေဘလော့မှကူးယူတင်ပြပါသည်။

Saturday, January 17, 2009

အမှတ်တရများစွာနဲ့ဇန်န၀ါရီ

အမှတ်တရတွေ
ရင်မှာသိမ်းစု
ရတနာလိုဥကာထားခဲ့
တနေ့တရက်
အတွေ့ခက်ယင်
လွမ်းရက်ရာထောင်ဝေတယ်ခင်
ဆိုတဲ့စာသား စကားတွေရယ်.......

ပြန်ပြောယင်တမင်ဆန်းတာလို့
ထွင်ပြောတယ်ထင်ချင်ထင်မယ်
တကယ်သာဆိုချစ်တဲ့ညလေး
ဘယ်ကိုလဲလို့တွေးနေယင်း
အမှတ်တရအဖြစ်တွေနဲ့
အမြတ်မရတဲ့အဖြစ်တွေပါကွဲ့..........

လွမ်းတယ်လို့မပြောသာပေမယ့်
လွမ်းချင်နေတာရင်ကသိ
ဒီလိုပိုအေးတဲ့နှစ်တွေဆို
တခါတခါတော့လည်းငယ်ဘ၀ကိုသတိရ
မီးကိုတမ်းတမိသယောင်
အပြာရောင်မီးခြစ် အ၀ါရောင်လေဒီရှုးပုံရင်ထိုး
ငွေဆွဲပြားလေးတစ်ခု
အမြတ်မရပေမယ့်အမှတ်တရ.........

ချစ်တဲ့ ညလေး
ဘယ်ဆီပြေးထွက်
အလွမ်းရက်ရှည်ကြာ
နွမ်းမောလျဝေဒနာတွေ
ရင်မှာတင်းကျပ်
အလွမ်းဇတ်အလား
ထင်ယောင်မြင်မိမှား
သောကဖြစ်စေသောဝေဒနာများ........

ဘာပဲဖြစ်ဖြစ်
ချစ်တော့ချစ်ခဲ့တဲ့
တချိန်ကယောရှီဒါနဲ့
ချစ်ခဲ့တယ်ထင်တဲ့
ကေလေးကိုလည်းသတိရ
အမှတ်တရအားလုံး
ရင်မှာစုနေ
အတွေးတွေမတွေဝေချင်...........

လွမ်းသည်ရင်က
အမှတ်တများ၏
ဒါဏ်ရာတချို့
ပြန်လည်ကာမတူးဆွချင်ပေမယ့်
မှတ်မိနေတဲ့အသိက
ရင်မှာငြိနေပေါ့
မန်မိုရီစတစ်လို
ဖြစ်နေယင်လည်းအကောင်းသား
အားလုံးကိုပယ်ဖျက်
တွယ်မက်မနေချင်ပေမယ့်..........

လွမ်းတယ်ဆိုတာ
ခံစားလို့ကောင်းတဲ့အရာမဟုတ်
နွမ်းလျလျရုပ်နဲ့
မောလျတဲ့ရုပ်.......... ။ ။

ချစ်သူမောင်

Tuesday, January 13, 2009

အဖြူရောင်ချစ်ခြင်းတို့ဖြင့်ဖြစ်တည်သောမောင့်နေရာ

အချစ်ဆိုသည်
အလွမ်းဆီတွင်
ပျော်မွေ့လေသော
စိတ်ဒါဏ်ရာအမာရွတ်.......

သစ္စာမရှိခြင်းလည်းမဟုတ်ချင်
အလွမ်းရင်ခွင်သည်လည်း
အချစ်၏စေစားရာအရုပ်အလား
ပီပီပြင်မရှိခဲ့...........

ချစ်တတ်ခဲ့လေသော
အကြောင်းတရားတို့သည်ကား
ပညတ် ပရမတ်ခွဲခြား၍မရခဲ့........

တွယ်တာနှောင်ရစ်
ချစ်တတ်ခဲ့သောနှလုံးသား၏
အကြောင်းတရားတို့သည်ကား
စိတ်ဝိဥာဉ်၏စေစားရာ.........

ဝေဒနာများစွာဖြစ်သော
ရင်ခွင်အစုံသည်ကား
စေတသိက်၏ဘဏ်တိုက်.......

အမြတ်တနိုးတန်ဖိုးထားရာ
ချစ်တတ်သော နှလုံးသားသည်
အလွမ်းအစုစုတို့၏
သိုမှီးသိမ်းဆည်းရာ.........

လတ်တလော
ချစ်ခင်နှစ်သက်ရာ
အကြောင်းတရားတို့
သည်လည်းသစ္စာတရားတို့
ဖောက်လွဲဖောက်ပြန်ဖြစ်ရာ
နေရာမဟုတ်ခဲ့........

ရင်းနှီးမှုအကြောင်းအရင်းခံ
ဖြစ်တည်မှု အရာအားလုံး
ရင်ခွင်မှာစွဲနစ်စွာ ဖြစ်တည်တတ်သော
ရင်ခုန်လှိုက်မောမှုတို့အား
ခုံမင်တပ်မက်နေခြင်းလည်းမဟုတ်........

သို့သော် ချစ်သည်
တစုံတစ်ယောက်ကိုရင်းနှီးစွာ
ရယူပိုင်ဆိုင်လိုမှုမပါ
အဖြူထည်သက်သက်
ချစ်ခြင်းတို့ဖြစ်တည်ရာ
ထိုမြေကမ္ဘာသည်
ချစ်ခြင်းများစွာဖြင့်ပြည့်စုံသော
အလွမ်းတရားတို့ကင်းဝေးသော
အဖြူရောင်ကမ္ဘာလေးသည်
ကျွန်တော်၏ပျော်မြူး
ရွှင်ပျ လန်းမြသောနေရာသာ
ဖြစ်ပါစေမောင့်သခင်...။     ။

Thursday, January 1, 2009

HAPPY NEW YEAR !!!!!!!

HAPPY NEW YEAR !!!!! 2009 နှစ်သစ်မှာ သူငယ်ချင်းအားလုံးပြုံးပျော်နိုင်ကြပါစေ။
စိတ်ကူးအိပ်မက် နဲ့ တစ်ထပ်တည်းကျတဲ့ လက်တွေ့ဘ၀ကိုပိုင်ဆိုင်နိုင်ကြပါ စေ.........
ငြိမ်းချမ်းတဲ့ အပြာရောင်ဘ၀လေးတွေ ကိုယ်စီပိုင်ဆိုင်ကြပါစေလို့ဆန္ဒပြုပါတယ်...

ချစ်ခင်စွာဖြင့်
ချစ်သူမောင်